Posted by : Jellybean Tuesday, September 10, 2013


Android ဖုန်းပေါ်မှာ GSM Internet သုံးတဲ့သူတွေ သိကြတဲ့အတိုင်းပါဘဲ..Connection က E  ပြောင်းလိုက်၊ 3G ပြောင်းလိုက် H ပြောင်းသွားလိုက်နဲ့ Connection ကကောင်းကိုမကောင်းပါဘူး..အခု 2012 နှစ်ကုန်ခါနီးမှာ ထွက်လာတဲ့ Android ဖုန်းတွေမှာကျတော့ GSM Mode ကနေ WCDMA Mode ကိုပြောင်းပေးတဲ့ စနစ်တွေ ထည့်သွင်းပေးလိုက်ပါတယ်..ဒါေ
ပမယ့် Android ဖုန်းတော်တော်များများမှာ တော့မပါရှိပါဘူး..ဒီလိုမပါရှိတဲ့ Android ဖုန်းတွေအတွက် Android Software လေးတစ်ခုတင်ပေးလိုက်ပါတယ်။ အသုံးပြုနည်းကတော့ Software ကိုဖုန်းထဲမှာ Install လုပ်ပြီးတာနဲ့ Software ကိုဖွင့်လိုက်ပါ..ပြီးတာနဲ့ ပုံမှာပြထားတဲ့အတိုင်း Set Preferred Network Type မှာ WCDMA Only သို့ပြောင်းပေးလိုက်ပါ။တစ်ခြားဘာမှ ပြောင်းလဲရန်၊ထည့်ရန်မလိုအပ်ပါဘူးနော်။
 ပြီးတာနဲ့ အင်တာနက် ကွန်နက်ရှင်ကိုဖွင့်ကြည့်လိုက်ပါ... H ဖြစ်နေတာကိုတွေ့ရသလို..အင်တာနက်လိုင်းလဲ အင်မတန်ကောင်းလာတာကို လက်တွေ့သိရမှာပါ..ကျနော်စမ်းသပ်ချက်အရတော့ ကွန်ပျူတာ သုံးလုံးအထိ ကောင်းကောင်းခွဲသုံးလို့ရခဲ့သလို သုံးနေရင်းတစ်ပြိုင်နက်တည်း Kaspersky Antivirus Update ကိုလည်း Download ချလို့ရအောင် မြန်ဆန်ခဲပါတယ်.. အရင် GSM Connection နဲ့ဆိုရင် Update လုပ်ဖို့ဆိုတာ အသာထား..ကွန်ပျူတာနဲ့အင်တာနက်ချိတ်လိုက်ပီဆိုရင်ကို လိမ်ဖယ်လိမ်ဖယ်နဲ့တက်နေရတာပါ...အရင်ကတော့ GSM ဖြစ်တဲ့အတွက်တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တာပါ..WCDMA Mode ပြောင်းလိုက်တဲ့အတွက် တစ်မိနစ် ၂ ကျပ်နှုန်းနဲ့ဖြတ်တော့တာမဟုတ်ပါဘူး..တစ်မိနစ် ၄ ကျပ်အဖြစ် ပြောင်းလဲပြီးဖြတ်နေတာကိုတွေ့ရပါတယ်။ ကဲ...အားလုံးဘဲ GSM အင်တာနက်အသုံးပြုပြီး လိုင်းမကောင်းခြင်းဘေးမှ ကင်းဝေးကြပါစေဗျာ..အဆင်ပြေရင် Comment လေးတွေမြင်ချင်ပါတယ်။
ကျနော်ကတော့ GSM ကနေ လိုင်းကောင်းကောင်းလေးသုံးနည်း သိလိုက်ရတဲ့အတွက် ပျော်တယ်ဗျာ..မိတ်ဆွေတို့လဲ ကျနော့်နည့်းတူပျော်စေချင်ပါတယ်ခင်ဗျာ..။


Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

ဒီနေ့ဒီရက်ရှိပြီနော်

ဘလော့စတင်သည့်ရက်စွဲ

၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက် ၊ အဂါင်္နေ့တွင် စတင်သည်

လူကြိုက်များသောပို့(စ်)များ

Total Pageviews

ဘယ်ကလာလဲ

ဘယ်နှယောက်ရှစားနေလဲ

ပြောဖို့ မှာဖို့

- Copyright © Jelly Bean Myanmar -Robotic Notes- Powered by Blogger - Designed by Johanes Djogan -