Posted by : Jellybean Tuesday, September 10, 2013

တကယ်တော့ ဒီပို့စ်က ရေးဖို့တောင်မလိုဘူးလို့ ထင်ကောင်းထင်မှာပါ.. ဘာကြောင့် USB Debugging ကို Enable လုပ်ရတာလဲ၊ ဘယ်လိုလုပ်ရမလဲ မေးကြလွန်းလို့ပါ.. ဒီပို့စ်ပါ အကြောင်းအရာတွေဟာ သီးခြားစီ ရေးထားပြီးသားဖြစ်ပါတယ်..
ဖုန်းမှာ USB Debugging ကို Enable လုပ်တယ်ဆိုတာ ဖုန်းရဲ့ System နဲ့ ကွန်ပျူတာရဲ့ System နဲ့ အချိတ်အဆက်ရဖို့ပဲဖြစ်ပါတယ်.. ဖုန်းကို ကွန်ပျူတာမှာ USB ကြိုးကတစ်ဆင့် ချိတ်ဆက်လိုက်ပေမယ့် ကွန်ပျူတာက ဖုန်းကို ဝင်ရောက်ပြီး ဖုန်းရဲ့ System ကို ချိတ်ဆက်လို့မရသေးပါဘူး.. USB Debugging ကို Enable လုပ်ပြီးမှသာ ရမှာဖြစ်ပါတယ်.. ဒါတောင်မှ ကွန်ပျူတာမှာ ဖုန်းနဲ့ပတ်သက်တဲ့ Driver ကို မှန်ကန်အောင်သွင်းထားပြီးမှရမှာဖြစ်ပါတယ်.. ပထမဆုံးကွန်ပျူတာမှာ သက်ဆိုင်ရာ ဖုန်းအမျိုးအစားတွေရဲ့ Driver ကို မှန်ကန်အောင် Install လုပ်ထားဖို့လိုပါမယ်.. မရှိရင် အောက်ကလင့်မှာ ဒေါင်းပါ..

ပြီးရင်တော့ USB Debugging ကို Enable လုပ်တာလေးတွေကြည့်ရအောင်.
1. မိမိဖုန်းဟာ Android Version 2.3 နဲ့ အောက်ဆိုရင်တော့ Setting ကိုနှိပ်ပါ. Application ကိုနှိပ်ပါ. Development ကိုနှိပ်ပါ. USB Debugging ကို အမှန်ခြစ်ပေးပါ.. ဒါဆိုရပါပြီ.. ဒါကို နားလည်လွယ်အောင် Setting>Application>Development>USB Debugging ကို အမှန်ခြစ်ပါ ဆိုပြီးရေးလေ့ရှိပါတယ်..

2. မိမိဖုန်းဟာ Android Version 3.0 ကနေ 4.1 အတွင်းဖြစ်ခဲ့မယ်ဆိုရင် Setting > Developer Option > USB Debugging ကို အမှန်ခြစ်ပေးပါ...


3. မိမိရဲ့ဖုန်းဟာ Android Version 4.2 နဲ့အထက်ဖြစ်ခဲ့မယ်ဆိုရင် အပေါ်က ဗားရှင်းတွေမှာလို Development ကို အလွယ်တကူ ရှာလို့ရတော့မှာ မဟုတ်ပါဘူး.. USB Debugging ဟာ Development ဆိုတဲ့ Function အောက်မှာရှိတာဖြစ်တဲ့အတွက် Development ဆိုတာကို အရင်ပေါ်အောင်လုပ်ရမှာဖြစ်ပါတယ်..
ဖုန်းရဲ့ Setting ကိုနှိပ်လိုက်ပြီး About Phone ကိုနှိပ်ပေးပါ.. Build Number ဆိုတာကိုရှာပါပြီးရင် အဲဒီ Build Number ဆိုတာကို ဆက်တိုက်နှိပ်ပေးလိုက်ပါ.. " You are now a developer! " သို့မဟုတ် " You are under developer mode" ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်.. တစ်ချို့က (၇)ကြိမ်လို့ပြောကြပေမယ့် (၅)ကြိမ်လောက်ဆို You are now a developer! ပေါ်ပါတယ်.. တစ်ချို့က ၉ ကြိမ်လောက်မှ ပေါ်ပါတယ်.. You are now a developer! မပေါ်မချင်း ဆက်တိုက်နှိပ်ပေးရမှာဖြစ်ပါတယ်.. ဖိထားဖို့ပြောတာ မဟုတ်ဘူးနှော်.. You are now a developer! ဆိုတာပေါ်လာရင်တော့ Back Key နဲ့ပြန်ထွက်လိုက်ရင် Developer Option ကို တွေ့ရမှာဖြစ်ပါတယ်.. အဲဒါကို တစ်ချက်နှိပ်ပြီး USB Debugging ကို အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်..


အဆင်ပြေပါစေ..

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

ဒီနေ့ဒီရက်ရှိပြီနော်

ဘလော့စတင်သည့်ရက်စွဲ

၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက် ၊ အဂါင်္နေ့တွင် စတင်သည်

လူကြိုက်များသောပို့(စ်)များ

Total Pageviews

ဘယ်ကလာလဲ

ဘယ်နှယောက်ရှစားနေလဲ

ပြောဖို့ မှာဖို့

- Copyright © Jelly Bean Myanmar -Robotic Notes- Powered by Blogger - Designed by Johanes Djogan -