Posted by : Jellybean Tuesday, September 10, 2013

Huawei G610-U00 အတွက် cwm recovery တင်နည်းနဲ့ stock recovery ပြန်ပြောင်းနည်းလေးကို
တင်ပြသွားမှာဖြစ်ပါတယ်။

recovery.img ကို…apk ကနေ flash လို့ရကောင်းမှန်းသိလာတာကတော့…ကိုဖြိုးညီညီရဲ့ကျေးဇူးပါ။
credits to ကိုဖြိုးညီညီပါ။
cwm recovery(eng)နဲ့ stock recovery တွေကတော့..ကျွန်တော်ဖန်ထားတာပါ။
အခုpost မှာ..stock recovery ပြန်ပြောင်းတဲ့နည်းလေးကိုဖြည့်ထားရတဲ့အကြောင်းကတော့
G610-U00မှာ..cwm recovery (custom recovery)တင်ပြီးသွားတဲ့အခါမှာ…firmware ကို
dload folderကိုကူးထည့်ပြီးတင်နည်းတဲ့လုံးဝတင်လို့မရတော့ပါဘူး။volume down+volume up+powerကိုနှိပ်လိုက်တဲ့အခါမှာ….
cwm mode ထဲကိုပဲရောက်ရောက်သွားပြီးတင်လို့မရတော့ပါ။
အဲဒါကိုဖြေရှင်းဖို့အတွက်…stock recovery ကို…ပြန်ပြောင်းထားမှ..အဆင်ပြေမှာ..ဖြစ်ပါတယ်။

အောက်မှာ..ဆက်လက်ဖေါ်ပြမယ့်အရာများကို…ကျွန်တော်ကိုယ်တိုင် G610-U00 (B121 and B127)မှာ
အကြိမ်ကြိမ်cwm တင်လိုက်၊stock ပြန်တင်လိုက်..စမ်းပြီးဖြစ်ပါတယ်။ဘာပြဿနာမှတော့ မဖြစ်ပါ။
G610 ရဲ့အခြား build number တွေမှာ…ရမရကိုတော့…ပျက်မှာမပူဘူးဆိုရင်…စမ်းကြည့်နိုင်ပါတယ်..။

ထုံးစံအတိုင်း..ဒီpost ကို…အကြိမ်ကြိမ်စမ်းကြည့်ပြီးမှတင်တာဖြစ်ပြီး…လုပ်ရင်းကိုင်ရင်းနာက်ဆက်တွဲဖြစ်
တတ်သောပြဿနာများကိုတော့….တာဝန်ယူမှာမဟုတ်ပါ။ အခန့်မသင့်ပါက..firmware တက်မလာ
ခြင်း၊firmware ပြန်တင်လို့မရတော့ခြင်းနှင့်မထင်မှတ်ထားသည်များဖြစ်နိုင်ပါသည်။


ပထမဆုံး G610-U00ကို CWM recovery တင်မယ်ဆိုရင် G610 CWM Recovery နဲ့ 
Mobileuncle tool.apk ကိုအရင်ဒေါင်းပါ။
G610-U00 CWM Recovery (dropbox)
G610-U00 CWM Recovery (mediafire)
Mobileuncle tool.apk (dropbox)
Mobileuncle tool.apk (mediafire)
ဒေါင်းပြီးသွားရင်…recovery.img ဆိုတဲ့ဖိုင်ကိုsd cradထဲကိုကူးထားပါ။
ပြီးရင်..mobileuncle tool.apk ကို သွင်းလိုက်ပါ။
Mobileuncle Tools ကို..သုံးပြီး…fig 01 ကနေ 04 အထိပြထားတဲ့အတိုင်း လုပ်လိုက်ပါ။
fig 01=>
fig 02=>
fig 03=>
fig 04=>
 နောက်ဆုံးအဆင့် fig -04 မှာပြထားတဲ့ ok ကိုနှိပ်ပြီးသွားရင်…reboot ကျသွားပြီး
cwm recoveryသို့ရောက်သွားမှာဖြစ်ပါတယ်။အဲဒါဆိုရင် cwm တင်လို့ပြီးပါပြီ။
cwm ကနေ stock recovery ကို ပြန်ပြောင်းချင်သူများအတွက်ကတော့…အောက်မှာ
ပေးထားတဲ့ stock recoveryကိုဒေါင်းပြီးအပေါ်က…အဆင့်တွေအတိုင်းပြန်သွင်းလိုက်ပါ။
အားလုံးအဆင်ပြေကြပါစေ

{ 1 comments... read them below or add one }

  1. ako nyi lay phone ka firmware ka dade nay pe recovery mode balo twin ma lay ku nyi per oown

    ReplyDelete

Welcome to My Blog

ဒီနေ့ဒီရက်ရှိပြီနော်

တနင်္ဂနွေ, မေ 25, 2025

ဘလော့စတင်သည့်ရက်စွဲ

၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက် ၊ အဂါင်္နေ့တွင် စတင်သည်

လူကြိုက်များသောပို့(စ်)များ

Total Pageviews

ဘယ်ကလာလဲ

ဘယ်နှယောက်ရှစားနေလဲ

ပြောဖို့ မှာဖို့

- Copyright © 2025 Jelly Bean Myanmar -Robotic Notes- Powered by Blogger - Designed by Johanes Djogan -