Showing posts with label Mobile Reviews. Show all posts

Mobile Reviews: iPhone 5S

Wednesday, September 11, 2013
Posted by Jellybean


Apple ဟာ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ၄င်းတို့ရဲ့ iPhone အသစ်ဖြစ်တဲ့ iPhone 5S ကို မိတ်ဆက်ပြသခဲ့ပါတယ်။
iPhone 5S ကို iOS 7 အသုံးပြုထားပြီး Gray,Gold,Silver စတဲ့အရောင်သုံးမျိုးနဲ့ထုတ်လုပ်သွားမှာဖြစ်ပါတယ်။



iPhone 5S ရဲ့ Screen size ကတော့ iPhone 5 အတိုင်းပါပဲ ။ လေးလက်မ Retina Display screen ပါ။ ပြောင်းလဲသွားခြင်းမရှိပါဘူး ။ iPhone 5 ရဲ့ Weight & Diemensions ကတော့ အောက်ပါအတိုင်းပါ။

iPhone 5S မှာဆိုရင် A7 Chip 64 Bit Processor ကိုအသုံးပြုထားပါတယ်။ ၄င်း A7 Chip ရဲ့ performance ကိုထပ်မံဖြည့်တင်းပေးဖို့အတွက် M7 လို့ခေါ်တဲ့ Motion Processor အစိတ်အပိုင်းအသစ်ကိုလည်းထည့်သွင်းထားပါတယ်။


A7 Chip နဲ့ M7 Processor တို့ရဲ့ပေါင်းစပ်မှုကြောင့် iPhone 5 ထက် Graphic performance ၂ ဆခန့်ပိုမိုမြန်ဆန်လာစေတယ်လို့ဆိုပါတယ်။


iPhone 5S ကို 2G/3G/4G Network များအားလုံးမှာအသုံးပြုနိုင်သလို CDMA Edition (International) အနေနဲ့လည်းဖြန့်ချိဦးမယ်လို့ဆိုပါတယ်။
iPhone 5S အထူးခြားဆုံးအချက်ကတော့ Touch ID လို့ခေါ်တဲ့ Finger Print Sensor ထည့်သွင်းပေးထားခြင်းပါပဲ။ Finger Print Sensor ကို Home Button ထဲမှာထည့်သွင်းပေးထားပါတယ်။




ဖုန်းကို Security Passcode ခံထားချင်တဲ့အခါ အရင်တုန်းကလို Passcode ရိုက်စရာမလိုတော့ဘဲ လက်ဗွေရာနဲ့ Lock ဖွင့်နိုင်တော့မှာပါ။


iPhone 5 ရဲ့ Camera အမျိုးအစားအနေနဲ့ 8 MegaPixel+ 1.5 Ultra Pixel Dual Flash Camera ကိုအသုံးပြုထားပါတယ်။ 1080p HD Video တွေကိုလည်းရိုက်ကူးနိုင်မှာပါ။



Front Camera ကတော့ 1.2 Mega Pixel ရှိတဲ့ Camera ကိုအသုံးပြုထားပါတယ်။


ဖုန်းဘက်ထရီအနေနဲ့ Standby ထားမယ်ဆိုရင် နာရီ ၂၅၀ အထိသုံးစွဲနိုင်ပါတယ်။ ဖုန်းပြောမယ်ဆိုရင် ဆယ်နာရီဆက်တိုက်ပြောလို့ရပါတယ်။ အင်တာနက်သုံးမယ်ဆိုရင် ရှစ်နာရီ ဆက်တိုက်သုံးလို့ရပါတယ်။
iPhone 5S မှာ Built-in app တွေအနေနဲ့အောက်ပါ app များပါဝင်ပါမယ်။




iPhone 5S ကိုစက်တင်ဘာလ ၁၃ ရက်နေ့မှာ Pre Order စတင်လက်ခံမှာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာစတင်ရောင်းချမှာဖြစ်တယ်လို့သိရပါတယ်။


Apple ဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မှာ iPhone 5S ထက်ဈေးသက်သာမယ့် iPhone 5C ကိုမိတ်ဆက်ပြသခဲ့ပါတယ်။
iPhone 5C ကိုတော့ iPhone 5 အရင်က ထုတ်ခဲ့တဲ့ဖုန်းတွေလိုမျိုးပဲ ဖုန်းကိုယ်ထည်ကိုပလတ်စတစ်သားနဲ့ပြုလုပ်ထားပြီး ဒီဇိုင်းအနေအထားကတော့ iPhone 5 ဆန်ဆန် ဒီဇိုင်းပုံစံမျိုးပါပဲ။ iPhone 5C ကိုအဖြူ ၊ ပန်းရောင် ၊ အ၀ါ ၊ အပြာ ၊ အစိမ်း စတဲ့အရောင်ငါးမျိုးနဲ့ထုတ်လုပ်မှာဖြစ်ပါတယ်။


iPhone 5C ရဲ့ Screen ကိုတော့ လေးလက်မအရွယ် Retina Display ကိုအသုံးပြုထားပါတယ်။ iPhone 5C ရဲ့ Screen Width , Height Diemension တွေကတော့ အောက်ပါအတိုင်းပါ။


iPhone 5C ရဲ့ Processor အနေနဲ့ A6 Chip Processor ကိုအသုံးပြုထားပါတယ်။ iPhone 5 မှာအသုံးပြုခဲ့တဲ့ Processor ကိုပဲအသုံးပြုထားတာဖြစ်တဲ့အတွက် iPhone 5 ကို version တစ်မျိုးနဲ့ပြောင်းလဲထုတ်လုပ်တဲ့ဖုန်းလို့တောင်ပြောလို့ရပါတယ်။


iPhone 5C ကို 2G,3G,4G Network အားလုံးမှာအသုံးပြုနိုင်ပြီ CDMA version ပါထွက်ရှိမှာဖြစ်ပါတယ်။
iPhone 5C ရဲ့ Camera အနေနဲ့ 8 Mega Pixel Camera ကိုအသုံးပြုထားပါတယ်။ 1080p HD Video များကိုရိုက်ကူးနိုင်စွမ်းရှိပါတယ်။ LED Flash ပါဝင်ပြီး ဓာတ်ပုံရိုက်ရာမှာ zoom ကိုသုံးဆခန့်အထိ ဆွဲယူလို့ရပါတယ်။ ရှေ့ကင်မရာအနေနဲ့ 1.2 MegaPixel Camera ကိုအသုံးပြုထားပါတယ်။


iPhone 5C ရဲ့ Battery အနေနဲ့ Standby ထားမယ်ဆိုရင် နာရီ ၂၅၀ အထိသုံးစွဲနိုင်မှာဖြစ်ပြီး ဖုန်းပြောလျှင် ၁၀ နာရီခန့် ၊ အင်တာနက်အသုံးပြုလျှင် ၈ နာရီ ခန့် အထိဆက်တိုက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။
iPhone 5C မှာ Built-in အနေနဲ့ပါဝင်မယ့် app များကတော့ အောက်ပါအတိုင်းပါ။


iPhone 5C ကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ Pre-Order စတင်မှာယူနိုင်မှာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာစတင်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

Generally ပဲ ယှဉ်လို့ရအုံးမှာပါ။ အသေးစိတ် နှိုင်းယှဉ်ကျတော့ မျက်စိရှေ့ ရောက်လာမှ စမ်းသပ်လို့ ရမှာမို့ပါ။ မနေ့ညမှ ဘာလင်မှာ မိတ်ဆက်သွား ပုံအရ အသစ်ပါလာတဲ့ Specification များကိုပဲ ၂၀၁၂ ခုနှစ်က Samsung Galaxy Note 2 နဲ့ ဘာတွေများ ကွာသွားလဲ ဆိုတာကိုသာ လေ့လာကြည့်ရမှာပါ။


မျက်နှာပြင်  (Display)

၅.၇ လက်မ အရွယ်ဖြစ်သွားပါတယ်။ အရင်က ၅.၅ လက်မ ဖြစ်ပြီး ၀.၂ လက်မ တိုးသွားပါတယ်။ မျက်နှာ ပြင် ကြီးသွားလို့ Resolution က နည်းမသွားပဲ သိသိသာသာတောင် တိုးလာပါတယ်။ Full HD မှာကိုမှ 386 ppi အရည်အသွေး ရှိပြီး ယခင် Note 2 တုန်းက 267 ppi ပဲ ရှိခဲ့တာပါ။ ဒါကြောင့် ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို မြင်တွေ့ရဖို့ သံသယ ဝင်စရာ မရှိ ပါဘူး။

Processor Power

Processor မှာလည်း သိသိသာသာကြီးကို မြင့်တက်သွား ပါတယ်။ မြင့်တက်ဆိုလို့ လေပေါ်ပစ်လိုက်တာကို ပြောတာ မဟုတ်ဘူးနော်။ Speed မြန်သွားတာပါ။ 2.3 GHz quad core Qualcomm Snapdragon 800 processor ကို အသုံးပြု ထားပါတယ်။ S4 တုန်းကတော့ 1.6 နဲ့ 1.9 GHz ပဲရှိခဲ့တာ Note 3 Speed အမြန်ဆုံး စမတ်ဖုန်း ဖြစ်လာမယ် ထင်ပါတယ်။ သူတို့အခေါ်တော့ Phablet ပေါ့။ ဖုန်း+တက်ဘလတ် = ဖတ်ဘလတ် မျိုးနွယ်မှာ အကောင်းဆုံးပါလို့တောင် ကြွေးကျော် နေပါပြီ။ သူ့ကိုယှဉ်မယ့် Phablet တွေကိုလည်း မြင်ယောင် နေမိ ပါသေးတယ်။ RAM က 2GB မဟုတ်တာ့ဘူး။ 3GB လေ။ လက်ရှိ သုံးနေတဲ့ ကွန်ပြူတာ အများစုတောင် RAM က 2GB ပဲ ရှိတာ 3GB RAM ဆိုတော့ တော်တော် Performance ကောင်းမယ့် အမျိုးပါ။ Data များများယူပြီး အလုပ်လုပ်ရတဲ့ Application တွေလောက်ကတော့ သူက အေးဆေး နိုင်မှာပါ။ Note 2 တုန်းက 1.6 GHz ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

Memory and Battery
Note 2 မှာတုန်းက 16 GB ဗားရှင်းထွက်တယ်။ ယခု Note 3 မှာ 32 နဲ့ 64 ပဲ ရေးသား ထားတာ တွေ့ရပါတယ်။ SD ကဒ်ကတော့ ထုံးစံအတိုင်း 64GB အထိ တိုးနိုင်တာပါပဲ။ ဘက်ထရီ ကတော့ သိပ်ထူးခြား မသွားဘူး။ အရင်က 3100 mAh, ယခု Note 3 အသစ်က 3200 mAh ဆိုတော့ တစ်ရာလောက်ပဲ တိုးပါတယ်။ တစ်ရာပဲ တိုးဆို Power usage plan က အရင်ကထပ် သက်သာပါကြောင်း ဘာလင်မှာ တရားဝင် ပြောဆို သွားလို့ ဖြစ်ပါတယ်။

ကင်မရာ

ကင်မရာ လည်း အားလုံး ခန့်မှန်းထားတဲ့အတိုင်း မှန်ပါတယ်။ 13 Megapixel အရည်အသွေးရှိတဲ့ ကင်မရာ ဖြစ်ပါတယ်။ Note 2 မှာတုန်းက 8 Megapixel ပဲရှိခဲ့တာ။ ရိုးရိုးလေး တွေးရင်တောင် Note 3 က ပိုကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရနိုင်ပါတယ်။ low light performance, stablilisation, powerful flash, Ultra HD video Capture အစရှိသဖြင့် ဘာလင်က မိတ်ဆွဲပွဲမှာ ထည့်ကြွား သွားပါတယ်။ ရှေ့ ကင်မရာ ကလည်း 2 megapixel တောင် အရည်အသွေး ရှိပါတယ်။


ဒီဇိုင်း

ဒီဇိုင်းလည်း သိသိသာသာကြီးကို ပြောင်းသွားပါတယ်။ ဒါကလည်း ထုံးစံပဲလေ။ Note 1 နဲ့ Note 2 တောင် ဒီဇိုင်း သိသိသာသာ ကွဲသွားတာပဲ။ Note 1 က Note 2 ထက် အရပ်ပုပြီး ပိုဝတယ်။ Note 2 က ရှည်မျောမျော ဘဝကို ရောက်သွားရော။ ယခုလည်း Note 3 ကလည်း ရှည်မျော်မျော် ပါပဲ။ သို့ပေမယ့် ထောင့်စွန်းက အရင်လောက် လုံးမနေတော့ပဲ လေးထာင့် နည်းနည်း ဆံလာပါတယ်။ ဒီတော့ Samsung Galaxy S2 ရဲ့  အကိုကြီး လားလို့တောင် မြင်မိသယောင် ရှိပါတယ်။ technical အရ တိတိကျကျ ပြောရရင် Note 3 က 151.2 x 79.2 x 8.3mm, အရင် Note 2 က 151.1 x 80.5 x 9.4mm . ဘာမှတော့ သိပ်အကွာကြီးမဟုတ်ပါဘူး။ အဓိက ကွာသွားမှာ အရည်အသွေးပါ။

Software and Feature

Samsung Galaxy Note စီးရီးရဲ့  အခြား ဖတ်ဘလတ်များထက် ထူးခြားတဲ့ အချက်တစ်ခုက S Pen ပါဝင်မှုပါ။ သို့ပေမယ့် ဝန်ခံပါတယ်။ ကျနော်တို့တောင် S pen ကို တစ်လလုံးနေမှ တစ်ခေါက်တောင် ထုတ်သုံး ဖြစ်တာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ ရှေ့  ရောက်မှ S pen ပါတယ်ကွလို့ ပြပြီး ကြွားလေ့ ရှိပေမယ့် သူ့ရဲ့  အသုံးဝင်မှုက တော်တော်များများ လစ်လျူရှုမိနေကြပါတယ်။ ဒါကလည်း ကျနော်တို့မို့လို့ နေလိမ့်မယ်။ တစ်လောက နိုင်ငံခြားသားတွေနဲ့အတူထိုင်တဲ့အစည်းအဝေးမှာ Note 2 pen နဲ့ သေချာ Record လုပ်နေတဲ့ တိုးရစ်စ်တွေ တွေ့လိုက်တယ်။ ပြီးတေ့ သူတို့ စက်ရုံက ဒီဇိုင်းအချက်အလက်ကို Note book ထဲ သေချာ ထည့်ထားပြီး တစ်ခုချင်းကို အသေးစိတ် ပြသပါတယ်။ ကိုယ်တွေက Pen ကို သေချာတောင် ထုတ်ကြည့် ဖူးတာ မဟုတ်တော့ Note 2 ကို သနားတော့ သနားမိသား။

ယခု Note 3 မှာလည်း S Pen အတွက် ထူးခြားတဲ့ Feature အသစ်များစွာ ထည့်သွင်း ပေးထားပြန် ပါတယ်လို့ ဆိုပါတယ်။ Air Command တောင် ပါအုံးတဲ့။ S pen အသစ်နဲ့ Task တွေ ပိုမို မြန်ဆန်စွာပြုလုပ်နိုင် မှာ ဖြစ်ပါကြောင်း ပေါ့။ Android ကလည်း မြင့်သွားပါပြီ။ Android 4.3 Jelly Bean ဖြစ်ပါတယ်။ နောက် အသစ်အသစ်တွေကို Upgrade ဖို့လည်း Samsung က မခက်ခဲပါဘူး။

Upgrade လုပ်မလား၊ ဝယ်မလား

အခြားဖုန်းတွေဆိုရင် အသစ်မဝယ်ပဲ ရှိရင်ဖုန်းကို ဆော့ဖ်ဝဲလေးတွေ Upgrade လုပ်ရုံနဲ့ မော်ဒယ်မြင့် ဖုန်း တစ်လုံးနဲ့ ယှဉ်လို့ရတယ်။ ကျနော်တောင် အဲ့လိုပဲ စဉ်းစားနေတာ။ Samsung Galaxy Note 3 က အဲ့လို မရတော့ဘူး။ Note 1 နဲ့ Note 2 တုန်းကဆို သိပ်မကွာဘူးလေ။ ယခု Note 3 က သိသိသာသာကို ကွာသွားပြီ။ အဓိက ကွာခြားမှုက RAM ။ ပြီးတော့ ကင်မရာ။ ပြီးတော့ Processor။ ပြောမယ်ဆို Hardware အရ အရမ်းမြင့်သွားတဲ့ အစိတ်အပိုင်းတွေ အင်မတန် များတယ်။ ဒီတော့ Note 3 ဟာ Note 3 ပါပဲ။ Upgrade လုပ်တာထက် ဝယ်တာပဲ ကောင်းမယ် ထင်ပါတယ်။


မြန်မာပြည်မှာဆိုရင်

လက်ရှိ မြန်မာပြည်မှာ တရားဝင်ဖြန့်ချိတဲ့ Samsung ကိုယ်စားလှယ်ကုမ္မဏီ ရှိနေပြီလေ။ Note 3 မိတ်ဆက် ပွဲကို တစ်ခမ်းတနား ကျင်းပအုံးမှာပါ။ Samsung Galaxy S4 တုန်းကလိုပေါ့။ Note 3 အတွက်လည်း ပွဲလုပ်အုံး မယ်လို့ သတင်းကြားသိ ရပါတယ်။ မျက်နှာပြင်လွဲရိုက်ပါတို့၊ အဆင့်မြင့်သော နေထိုင်မှုပုံစံတို့၊ ဖွံ့ဖြိုးတိုးတက်စေသူတို့လို Built in မြန်မာစာလည်း ပါဝင်အုံးမယ် ထင်ပါတယ်။

ဈေးနှုန်း

 ဈေးနှုန်းကလည်း စိတ်ဝင်စားစရာ ပေါ့။ နိုင်ငံတကာရဲ့ ခန့်မှန်းချက် အရတော့ အမေရိကန်ဒေါ်လာ ၆၀၀ အောက်ထစ်ပါတဲ့။ ကျနော်ကတော့ ငွေ ၆ သိန်းခွဲထပ် ဈေးမကြီးပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်။ အရင် Note 2 က မြန်မာပြည်မှာ ၅ သိန်းဝန်းကျင်လောက် ပေါက်ဈေး ရှိနေသေးတယ်။ အချို့ ဆိုင်တွေဆို ၅သိန်း ၃ သောင်းကနေတောင် မချသေးတာ တွေ့ခဲ့သေးပါတယ်။ Note 3 ဈေး တကယ်လည်း မကြီးလောက် ပါဘူး။ ၆သိန်း ဝန်းကျင်တော့ ရှိမှာပါ။ Note 3 အပေါ် စာဖတ်သူတို့ အမြင်လေးလည်း သိချင်ပါသေးတယ်။


အောင်ခမ်း (TSJ team)


အဆင်ပြေပါစေ..



၎.၉.၂၀၁၃ ရက်နေ့မှာ Samsung ဟာ Galaxy Note ရဲ့ တတိယမြောက်မျိုးဆက်ဖုန်းဖြစ်တဲ့ Samsung Galaxy Note 3 ကိုမိတ်ဆက်ပြသလိုက်ပါပြီ။ ဒီဇိုင်းနှင့်တကွ အဆင့်မြှင့်တင်ထားချက်အများအပြားပြုလုပ်ထားတဲ့ Samsung Galaxy Note 3 ဟာ ယခုတစ်ကြိမ်ထုတ်လုပ်မှုမှာ Samsung ပရိသတ်တွေသာမက အခြားဖုန်းအသုံးပြုသူများရဲ့ ကျေနပ်အားပေးခြင်းကိုပါ တခဲနက်ရရှိခဲ့ပါတယ်။ Samsung Galaxy Note 3 ရဲ့ features အသေးစိတ်ကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။
Samsung Galaxy Note 3 ကို Screen size မှာ ၅.၇ လက်မရှိပြီး (1920 x 1080) Resolution ရှိသောရုပ်ထွက်ကိုပြသနိုင်သော Super AMOLED Full HD Screen ကိုတပ်ဆင်အသုံးပြုထားသည် ။ Android OS အနေဖြင့် နောက်ဆုံးထွက်ရှိထားသော Android 4.3 Jelly Bean ကိုအသုံးပြုထားသည်။ Camera အနေဖြင့် 13 Megapixel ရှိသော Camera ကိုတပ်ဆင်ထားပြီး Full HD Video များကိုရိုက်ကူးနိုင်စွမ်းရှိသည် ။ Dual Camera: Dual Shot / Dual Recording/ Dual Video Call စသော Camera feature များကိုလုပ်ဆောင်နိုင်သည်။ Camera Mode တွင် Camera Mode: Drama Shot, Sound & Shot, Animated Photo, Eraser, Best Photo, Best Face, Beauty Face, HDR (High Dynamic Range), Panorama, Sports, Golf, Surround shot, Live effect စသည့် features များကို ထည့်သွင်းပေးထားပါတယ်။


ယခု Samsung Galaxy Note 3 တွင်ပါဝင်သော S-Pen မှာ Process တော်တော်များများကိုလုပ်ဆောင်နိုင်စွမ်းပိုများလာသည်။ S-Pen ကိုအသုံးပြု၍ Air Command: Action Memo, Scrapbook, Screen Write, S Finder, Pen Window စသော features များကိုလုပ်ဆောင်ပေးနိုင်သည်။


Samsung Galaxy Note 3 ရဲ့ဖုန်းဘက်ထရီကို 3200 mAh ရှိသော Battery အမျိုးအစားကိုအသုံးပြုထားပါတယ်။ ဖုန်းရဲ့ Processor ကို LTE 2.3 GHz Quad-Core Processor အားအသုံးပြုထားပါသည်။ ဖုန်းရဲ့ RAM ပမာဏအနေနဲ့ 3GB RAM ပါဝင်ပါတယ်။ Internal Storage အနေနဲ့ 32 GB/ 64 GB နှစ်မျိုးဝယ်ယူရရှိနိုင်မှာဖြစ်ပြီး SD Card ထပ်မံထည့်သွင်းအသုံးပြုနိင်သည်။



ထူးခြားချက်အနေနဲ့ကတော့ ယခင်က Samsung ဖုန်းများမှာ နောက်ဘက်ခြမ်းကို ပလတ်စတစ်ကာဗာသာအသုံးပြုခဲ့ရာမှ ယခု Samsung Galaxy Note 3 တွင် သားရေသားကာဗာဖြင့် ပြောင်းလဲအသုံးပြုလိုက်သည်ကိုတွေ့ရသည်။



ကွန်ရက်ထောက်ပံမှုအနေဖြင့် 2G/3G/4G Network အားလုံးမှာအသုံးပြုနိုင်မည်ဖြစ်သည်။ Samsung Galaxy Note 3 ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုထုတ်ဖော်ကြေညာခြင်းမရှိသေးပေ။

LG-Optimus-G-Pro-vs-Samsung-Galaxy-Note-II-01
အခုနောက်ပိုင်း Smart Phone လောကမှာနာမည်ကြီးလာတဲ့ LG Brand လေးအကြောင်းမိတ်ဆက်ပေးလိုက်ပါတယ် … အခုနောက်ဆုံးမြန်မာပြည်ကိုဝင်ရောက်လာတဲ့ Smart Phone အသစ်ကတော့ LG Optimus G Pro ဖြစ်ပါတယ် … LG Optimus G Pro မှာ Screen Size 5.5” ဖြစ်ပြီး 401Dpi (1920×1080) Resolution က Smart Phone ချစ်သူတို့ရဲ့အမြင်အာရုံကိုဖန်းစားနိုင်မှာအသေချာပါပဲ … Processor အနေနဲ့ Quad Core 1.7Ghz ကိုသုံးစွဲထားပြီး RAM ပမာနအနေဖြင့် 2GB ပါဝင်တာကြောင့် Multitasking နဲ့ HD Game တွေဆော့ကစားရာမှာအလွန်ကောင်းမွန်တာကိုတွေ့ရပါတယ် … Camera နေနဲ့ 13MP ကိုသုံးထားပြီး Front  Cameraကိုတော့ 2.1MP ပါဝင်တာကြောင့် ဓာတ်ပုံချစ်သူတို့ စွဲမက်စေမှာ မလွဲဧကန်ပါပဲ … ထူးခြားချက်နေနဲ့ သာမာန်ဖုန်း Camera တွေမှာ Panorama Mood ကို 180 ဒီဂရီသာအသုံးပြုနိုင်ပြီး G Pro မှာပါတဲ့ VR Panoramaက  360 ဒီဂရီရိုက်ကူးနိုင်မှာပါ … ဓါတ်ပုံရုပ်ထွက်အနေနဲ့ သာမာန်ဖုန်း Camera များထက် အ၀ါရောင်ကိုပိုမိုလျော့ချထားသောကြောင့် သဘာဝအတိုင်းအနီးစပ်ဆုံးမြင်ကွင်းများကိုခံစားနိုင်မှာပါ …သူများတွေ ကို ပျော်ရွင်စရာအချိန်လေးတွေမှတ်တမ်းတင်ပေးနေချိန်မှာ ကို့ပုံမပါလို့စိတ်ညစ်စရာမလိုပါဘူး … Dual Recording စနစ်က ရှေ့ကင်မရာနှင့်နောက်ကင်မရာကို တစ်ပြိုင်တည်း Record လုပ်ပေးနိုင်ပါတယ် …Display ကိုတော့ True HD IPS LCD နှင့် Gorilla Glass 2 မှန်သားမျက်နှာပြင်ကိုအသုံးပြုထားတာကြောင့် အကြမ်းခံနိုင်စွမ်းမြင့်မားပြီး နေရောင်ထဲတွင်ကောင်းမွန်စွာမြင်နိုင်မှာပါ … Andriod Version 4.1.2 နှင့်မြန်မာစာ Built-in ပါဝင်တာကြောင့် Internet အသုံးပြုသူများလဲကောင်းမွန်စွာစာရေး စာဖတ်နိုင်မှာပါ … Feature များအနေနဲ့Qslide , Voice Control Camera , Quick Memo , Transparent Qslide Seekerစသည်အပြင်စွဲမက်ဖွယ် Feature များစွာပါဝင်ပါတယ် … ထူးခြားချက်ကတော့ နောက်ဖုံးတွင် Sensor ပါဝင်ပြီး Wireless Charging စနစ်ကိုအထောက်ပံ့ပေးထားတာကြောင့် Game အလွန်ဆော့သူများနှင့် Internet ကိုအေးအေးဆေးဆေး သုံးတတ်သူများ Wireless Charging Dock တစ်ခု ထပ်ဝယ်ထားရုံနဲ့ အားသွင်းကြိုးထိုးကာသုံးရသည့် စိတ်ညစ်စရာခြေအနေမှလွတ်ကင်းစေပါတယ် …ကဲ သူငယ်ချင်းတို့ရေ ကျန်တဲ့ Feature လေးတွေကိုတော့ G Pro လေးကိုဝယ်ကိုင်ပြီး Smart ကျကျ စမ်းသက်တော့နော် … ပထမဆုံးရေးသော Post ဖြစ်ပါသဖြင့်လိုအပ်ချက်များအမှားများရှိပါက ခွင့်လွတ်ပေးပါဗျ …

Credit – Myint Mo(Phone Corner)
Welcome to My Blog

ဒီနေ့ဒီရက်ရှိပြီနော်

ဘလော့စတင်သည့်ရက်စွဲ

၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက် ၊ အဂါင်္နေ့တွင် စတင်သည်

လူကြိုက်များသောပို့(စ်)များ

Total Pageviews

ဘယ်ကလာလဲ

ဘယ်နှယောက်ရှစားနေလဲ

ပြောဖို့ မှာဖို့

- Copyright © Jelly Bean Myanmar -Robotic Notes- Powered by Blogger - Designed by Johanes Djogan -