Posted by : Jellybean Tuesday, September 10, 2013

Myanmar Mobile User Group မှ Member  ကို Zaw Htet မှ Share လာသော Tutorial လေးပါ။

Download link များနှင့် အခြား စာသားများအား တစုံတရာ ပြုပြင်ပြောင်းလဲထားခြင်းမရှိရပါ။

Huawei Honor2/Ascend G615 ဖုန်းတွေကို Jelly Bean 4.1.2 EMUI မြင့်မယ် Root ဖောက်မယ် Google Apps တွေသွင်းမယ် စိတ်ပါရင် CWM Recovery တောင်သွင်းလို့ရသေးတယ်ဗျာ
ဒီပို့စ်တင်ရတဲ့အကြောင်းကတော့ ကျွန်တော်လို U9508 ကိုင်တဲ့ဖုန်းပိုင်ရှင်တွေ ဒွတ်ခ မရောက်ရအောင်လို့ပါ ကျွန်တော် jelly bean မြှင့်ချင်လို့ ၇ှာတာ ၂ပတ် တိတိ ကြာပါတယ်ဗျာ မြန်မာဆိုဒ်တွေမှာရှာတယ် မတွေ့ဘူး
Eng site တွေမှာရှာတယ် မတွေ့ဘူး နောက်ဆုံး ကျွန်တော်မသိတဲ့ နိုင်ငံက တင်ထားတာကို သွားတွေ့မှရတော့တယ်ဗျာ ဒါတောင်မှ translate လုပ်ပြီးမှနားလည်တာ အဟီးးးး
ဒါကြောင့်ကျွန်တော်လို ဒွတ်ခမရောက်ရအောင် အပြည့်အစုံတင်ပေးလိုက်ပါတယ်ဗျာ……………
ကဲအရင်ဆုံး  jelly bean ကိုမြှင့်မယ် ဒီဖုန်းအမျိုးအစားအတွက် အများကြီးထွက်ပါတယ် အဲဒီထဲကမှ error အကင်းဆုံး stable version ကို တင်ပေးထားတာပါ( သူ့ထက်မြင့်တဲ့ Beta version တွေလဲရှိပါတယ်)
ဒီဖိုင်လေးကိုဒေါင်းလိုက်ပါ- Huawei U9508 EMUI Jelly Bean 4.1.2 Stable Version
ဒေါင်းပြီးသွားရင်တော့ ထုံးစံအတိုင်း zip file ကိုဖြည်လိုက်ပါ အဲဒိထဲက dload folder ကို format ချထားတဲ့ sd card ထဲကို ကူးထည့်ပါ
ပြီးရင် setting>storage>softwere upgrade>sd card upgrade တဆင့်ချင်းလုပ်လိုက် ဖုန်းက firmware တင်ပြီး ပြန်တက်လာတဲ့အခါ jelly bean 4.1.2 နဲ့ လန်းလို့ရသွားပါပြီ
ကဲ jelly bean ကိုအမြစ်တူးမယ်ဗျာ
ဒီဟာလေးကိုအရင်ဒေါင်းပါ
Download Motochopper tools
ရလာတဲ့ zip  ဖိုင်လေးကို ဖြည်ချလိုက်ပါ ဖုန်းကို usb debugging and unknown source ကိုအမှန်ခြစ်ပါ
Pc မှာ ကိုယ်ဖုန်းရဲ့ driver တင်ထားဖို့တော့လိုမယ်နော် driver မရှိရင် ဒီမှာ ဒေါင်းလိုက်ပါ
driver သိပြီဆိုရင်တော့ pc နဲ့ ဖုန်းနဲ့ချိတ်လိုက်ပါ
Zip ဖြည်ထားတဲ့ ဖိုင်ထဲက run.bat လေးကို run လိုက်ပါ
ဖုန်းကအော်တို restart ကျပြီးပြန်တက်လာရင် super user icon လေးနဲ့ အမြစ်တူးပြီးသားဖြစ်သွားပါပြီ
CWM တင်မယ်, Google Application တွေထည့်မယ်
CWM ကို ဒီမှာ ဒေါင်းပါ
Google Application ကို ဒီမှာ ဒေါင်းပါ
ဖုန်းကို usb debugging and unknown source ကိုအမှန်ခြစ်ပြီး ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ
ပြီးရင် Choose USB storage device (or Media device (MTP)
ဒေါင်းထားတဲ့ Recovery6.0.1.9_AscendHonor2.exe ကို run လိုက်ပါ CWM တင်မှာဆိုတော့ 1 ကိုရွေးပြီး enter ခေါက်လိုက်ပါ
ကျန်တာသူဟာသူဆက်လုပ်သွားလိုက်ပါလိမ့်မယ် restart ကျပြီးရင်တော့ CWM တင်ခြင်းပြီးပါပြီ
ကဲ G Apps တွေသွင်းတော့မယ်နော် အပေါ်မှာဒေါင်းထားတာ ကို SD ကဒ်တစ်ခုထဲကို ကူးထည့်လိုက်ပါ ( Zip မဖြည်ဘူးနော် ဒေါင်းထားတဲ့အတိုင်းလေး ထည့်ရမှာ)
ပြီးရင်ဖုန်းကို ပိတ်မယ် ပြီးရင် Vol Up and Power ကိုတွဲနှိပ်ပါ Recovery mode ကိုရောက်သွားပါမယ်
အဲဒီမှာတွေ့ရမှာ တရုတ်စာတွေကြည့်ဘဲ တရုတ်စာတတ်ရင်တော့ဆက်လုပ်ပေါ့ဗျာ ဟဲ ဟဲ နောက်တာနော်
တွေ့ရတဲ့အထဲက Vol Up,Down ခလုပ်ကိုသုံးပြီး 2ခုမြောက်ကစာကြောင်းကို ပါဝါခလုပ်သုံးပြီး ရွေးလိုက်ပါ
ဆက်ပြီး တွေ့ရတဲ့အထဲက 4ခုမြောက်ကစာကြောင်းကို ရွေးလိုက်ပါ အဲဒိထဲကမှ gapps-jb-20121011-signed.zip ဆိုတာကို select နောက်တခါ select လုပ်ပါ G Apps တွေတင်နေပါလိမ့်မယ်
Operation ပြီးသွားရင် အောက်ဆုံးကစာကြောင်းလေးကို ရွေးပီး အစရောက်အောင်ပြန်ထွက်ပါ ပြီးရင် အပေါ်ဆုံးက စာကို select လုပ်လိုက်ပါ ဖုန်းက restart ကျပီးပြန်တက်လာရင်တော့ JELLY BEAN 4.1.2,ROOT AND G APPS စုံလင်စွာပါတဲ့ ဖုန်းတစ်လုံးဖြစ်ပြီပေါ့ဗျာ……..
ပြီးပြီထင်လား မပြီးသေးဘူးဗျ CWM ကြီးကကောင်းကျိုးပေးပြီးသွားတော့ ဆိုးကျိုးပေးဖို့စောင့်နေတယ်လေ
CWM ရဲ့ဒွတ်ခကိုခံစားဖူးတဲ့သူတွေကတော့ သိမှာပေါ့ဗျာ ဟီးးးးးးးးး
အဲကောင်ကိုပြန်ဖြုတ်မယ်ဗျာ ဖုန်းကို usb debugging and unknown source ကိုအမှန်ခြစ်ပြီး ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ
ပြီးရင် Choose USB storage device (or Media device (MTP)
ဒေါင်းထားတဲ့ Recovery6.0.1.9_AscendHonor2.exe ကို run လိုက်ပါ CWM ဖြူတ်မှာမိုလို့ 2ကိုရွေးပီး enter ခေါက်လိုက်ပါ
ကျန်တာသူဟာသူဆက်လုပ်သွားလိုက်ပါလိမ့်မယ် restart ကျပြီးရင်တော့ CWM ဖြုတ်ခြင်းပြီးဆုံးပါပြီ
ကဲအဲဒီတော့ ဦးကြီးတို့ ဘာလိုသေးလဲဗျာ…..

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

ဒီနေ့ဒီရက်ရှိပြီနော်

စနေ, မေ 31, 2025

ဘလော့စတင်သည့်ရက်စွဲ

၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက် ၊ အဂါင်္နေ့တွင် စတင်သည်

လူကြိုက်များသောပို့(စ်)များ

Total Pageviews

47143

ဘယ်ကလာလဲ

ဘယ်နှယောက်ရှစားနေလဲ

ပြောဖို့ မှာဖို့

- Copyright © 2025 Jelly Bean Myanmar -Robotic Notes- Powered by Blogger - Designed by Johanes Djogan -