်
၎.၉.၂၀၁၃ ရက်နေ့မှာ Samsung ဟာ Galaxy Note ရဲ့
တတိယမြောက်မျိုးဆက်ဖုန်းဖြစ်တဲ့ Samsung Galaxy Note 3
ကိုမိတ်ဆက်ပြသလိုက်ပါပြီ။ ဒီဇိုင်းနှင့်တကွ
အဆင့်မြှင့်တင်ထားချက်အများအပြားပြုလုပ်ထားတဲ့ Samsung Galaxy Note 3 ဟာ
ယခုတစ်ကြိမ်ထုတ်လုပ်မှုမှာ Samsung ပရိသတ်တွေသာမက
အခြားဖုန်းအသုံးပြုသူများရဲ့ ကျေနပ်အားပေးခြင်းကိုပါ တခဲနက်ရရှိခဲ့ပါတယ်။
Samsung Galaxy Note 3 ရဲ့ features
အသေးစိတ်ကိုအောက်မှာဆက်လက်လေ့လာကြည့်ရအောင်။
Samsung Galaxy Note 3 ကို Screen size မှာ ၅.၇ လက်မရှိပြီး (1920 x
1080) Resolution ရှိသောရုပ်ထွက်ကိုပြသနိုင်သော Super AMOLED Full HD
Screen ကိုတပ်ဆင်အသုံးပြုထားသည် ။ Android OS အနေဖြင့်
နောက်ဆုံးထွက်ရှိထားသော Android 4.3 Jelly Bean ကိုအသုံးပြုထားသည်။ Camera
အနေဖြင့် 13 Megapixel ရှိသော Camera ကိုတပ်ဆင်ထားပြီး Full HD Video
များကိုရိုက်ကူးနိုင်စွမ်းရှိသည် ။ Dual Camera: Dual Shot / Dual
Recording/ Dual Video Call စသော Camera feature များကိုလုပ်ဆောင်နိုင်သည်။
Camera Mode တွင် Camera Mode: Drama Shot, Sound & Shot, Animated
Photo, Eraser, Best Photo, Best Face, Beauty Face, HDR (High Dynamic
Range), Panorama, Sports, Golf, Surround shot, Live effect စသည့်
features များကို ထည့်သွင်းပေးထားပါတယ်။




ကွန်ရက်ထောက်ပံမှုအနေဖြင့် 2G/3G/4G Network အားလုံးမှာအသုံးပြုနိုင်မည်ဖြစ်သည်။ Samsung Galaxy Note 3 ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်စတင်ရောင်းချမည်ဖြစ်ပြီး ဈေးနှုန်းအသေးစိတ်ကိုထုတ်ဖော်ကြေညာခြင်းမရှိသေးပေ။
Related Posts :
- Back to Home »
- Mobile Reviews »
- Mobile Reviews: Samsung Galaxy Note 3 ကိုအသေးစိတ်လေ့လာကြည့်ခြင်း
