Posted by : Jellybean Wednesday, September 11, 2013



Apple ဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မှာ iPhone 5S ထက်ဈေးသက်သာမယ့် iPhone 5C ကိုမိတ်ဆက်ပြသခဲ့ပါတယ်။
iPhone 5C ကိုတော့ iPhone 5 အရင်က ထုတ်ခဲ့တဲ့ဖုန်းတွေလိုမျိုးပဲ ဖုန်းကိုယ်ထည်ကိုပလတ်စတစ်သားနဲ့ပြုလုပ်ထားပြီး ဒီဇိုင်းအနေအထားကတော့ iPhone 5 ဆန်ဆန် ဒီဇိုင်းပုံစံမျိုးပါပဲ။ iPhone 5C ကိုအဖြူ ၊ ပန်းရောင် ၊ အ၀ါ ၊ အပြာ ၊ အစိမ်း စတဲ့အရောင်ငါးမျိုးနဲ့ထုတ်လုပ်မှာဖြစ်ပါတယ်။



iPhone 5C ရဲ့ Screen ကိုတော့ လေးလက်မအရွယ် Retina Display ကိုအသုံးပြုထားပါတယ်။ iPhone 5C ရဲ့ Screen Width , Height Diemension တွေကတော့ အောက်ပါအတိုင်းပါ။


iPhone 5C ရဲ့ Processor အနေနဲ့ A6 Chip Processor ကိုအသုံးပြုထားပါတယ်။ iPhone 5 မှာအသုံးပြုခဲ့တဲ့ Processor ကိုပဲအသုံးပြုထားတာဖြစ်တဲ့အတွက် iPhone 5 ကို version တစ်မျိုးနဲ့ပြောင်းလဲထုတ်လုပ်တဲ့ဖုန်းလို့တောင်ပြောလို့ရပါတယ်။


iPhone 5C ကို 2G,3G,4G Network အားလုံးမှာအသုံးပြုနိုင်ပြီ CDMA version ပါထွက်ရှိမှာဖြစ်ပါတယ်။
iPhone 5C ရဲ့ Camera အနေနဲ့ 8 Mega Pixel Camera ကိုအသုံးပြုထားပါတယ်။ 1080p HD Video များကိုရိုက်ကူးနိုင်စွမ်းရှိပါတယ်။ LED Flash ပါဝင်ပြီး ဓာတ်ပုံရိုက်ရာမှာ zoom ကိုသုံးဆခန့်အထိ ဆွဲယူလို့ရပါတယ်။ ရှေ့ကင်မရာအနေနဲ့ 1.2 MegaPixel Camera ကိုအသုံးပြုထားပါတယ်။


iPhone 5C ရဲ့ Battery အနေနဲ့ Standby ထားမယ်ဆိုရင် နာရီ ၂၅၀ အထိသုံးစွဲနိုင်မှာဖြစ်ပြီး ဖုန်းပြောလျှင် ၁၀ နာရီခန့် ၊ အင်တာနက်အသုံးပြုလျှင် ၈ နာရီ ခန့် အထိဆက်တိုက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။
iPhone 5C မှာ Built-in အနေနဲ့ပါဝင်မယ့် app များကတော့ အောက်ပါအတိုင်းပါ။


iPhone 5C ကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ Pre-Order စတင်မှာယူနိုင်မှာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာစတင်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

ဒီနေ့ဒီရက်ရှိပြီနော်

ဘလော့စတင်သည့်ရက်စွဲ

၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက် ၊ အဂါင်္နေ့တွင် စတင်သည်

လူကြိုက်များသောပို့(စ်)များ

Total Pageviews

ဘယ်ကလာလဲ

ဘယ်နှယောက်ရှစားနေလဲ

ပြောဖို့ မှာဖို့

- Copyright © Jelly Bean Myanmar -Robotic Notes- Powered by Blogger - Designed by Johanes Djogan -