Posted by : Jellybean Thursday, September 12, 2013



။ဖုန်းခေါ်ဆိုခနှုန်း တစ်မိနစ်လျှင် ၂၅ကျပ်နှင့် ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ရ Ooredoo ကုမ္ပဏီမှ အကြီးတန်းဌာနေ ကိုယ်စားလှယ် Ross Cormack ကပြော သည်။ ယနေ့ နေပြည်တော် MICC တွင်ကျင်းပသော လန်ဒန်၊ အင်္ဂလန်ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ဝန် ကြီးဌာနတို့မှ ပူးတွဲစီစဉ်ကျင်းပ သော Myanmar Connect 2013 တွင် ယင်းသို့ပြောခြင်းဖြစ်သည်။
”ဆင်းမ်ကတ်တွေကတော့ တစ်ကတ် ကျပ်၁၅ဝဝနဲ့ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခနှုန်း ကိုတော့ တစ်မိနစ် ၂၅ကျပ်နဲ့ဝန် ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။ ဆက်သွယ်ရေးက တင်ထားတဲ့ ဥပဒေထွက်လာရင် စတင်ပြီးဈေး ကွက်အတွင်း ဖြန့်ဖို့ ဆောင်ရွက် နေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့သူတွေအားလုံး ဈေးသက် သက်သာသာနဲ့ လူတိုင်းစေ့နီးပါး အသုံးပြုနိုင်အောင် လုပ်ပေးမှာ ပါ”ဟု ယင်းက ပြောသည်။ ယနေ့ကျင်းပသောMyanmar Connect 2013 သည် MICT, MPT, PDT, Yatana-pon Teleport Company, Ooredoo နှင့် Telenor Myanmar တို့ကို ကမ္ဘာ့စီးပွားရေးစင်မြင့်ထက် တွင် ပေါင်းစည်းပေးသော ပထမ ဆုံးသော နိုင်ငံတကာအခမ်းအနားတစ်ခု ဖြစ်ကြောင်း သိရသည်။
”ကျွန်တော်တို့အနေနဲ့လဲ ဖုန်းခေါ်ဆိုခနှုန်းတွေကို သူတို့ ပြောတဲ့ဈေးထက် ပိုပြီးသက်သာ သောဈေးနှုန်းနဲ့ ဆောင်ရွက်ပေး ဖို့ အစီအစဉ်ရှိပါတယ်”ဟု Yatanapon Telelport မှ တာဝန်ရှိ သူတစ်ဦးမှ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြား ခဲ့သည်။
Ref & Credit: Yangon Media Group

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

ဒီနေ့ဒီရက်ရှိပြီနော်

ဘလော့စတင်သည့်ရက်စွဲ

၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက် ၊ အဂါင်္နေ့တွင် စတင်သည်

လူကြိုက်များသောပို့(စ်)များ

Total Pageviews

ဘယ်ကလာလဲ

ဘယ်နှယောက်ရှစားနေလဲ

ပြောဖို့ မှာဖို့

- Copyright © Jelly Bean Myanmar -Robotic Notes- Powered by Blogger - Designed by Johanes Djogan -