အသစ်ထွက် Smart ဖုန်းတစ်လုံးဖြစ်တဲ့ LG Optimus Pro ကို Root
လုပ်ကြည့်ရအောင် ။ လုပ်နည်းက သိပ်မခက်ပါဘူး ။ ကိုယ်တိုင်စမ်းသပ်ပြီးသားမို့
step by step သေချာလိုက်လုပ်မယ်ဆိုရင် မိမိတို့ရဲ့ ဖုန်းအသစ် LG Optimus
Pro ကို အောင်မြင်စွာ root လုပ်နိင်ပါလိမ့်မယ်။ Root လုပ်နည်းကို အောက်မှာ
ဆက်ဖတ်ရှုပါ။
Root မလုပ်ခင်လိုအပ်ချက်တွေကတော့
Root Process လုပ်နေစဉ် ဖုန်းရဲ့ Power သုံးစွဲမှုအနည်းငယ်များတဲ့အတွက်
ဖုန်းရဲ့ Battery အားက ၈၀ ရာခိုင်နှုန်းခန့်အနည်းဆုံးရှိနေဖို့လိုအပ်ပါတယ်။
ဖုန်းရဲ့ Driver ကိုကွန်ပျူတာမှာသွင်းထားဖို့လိုအပ်ပါတယ်။
ီDriver မရှိသေးရင် အောက်က link မှာရယူပြီး ကွန်ပျူတာမှာသွင်းလိုက်ပါ။
LG Driver အားရယူ၇န်
-USB Debugging ကို Enabled လုပ်ထားပါ။
အရင်ဆုံးလိုအပ်တဲ့ Root Tool ကိုအောက်က link မှာရယူပါ။
LG Optimus Pro root tool အားရယူရန်
-Download ရယူပြီးပြီဆိုရင်တော့ ယင်း Root tool ဇစ်ဖိုင်လေးကို ကွန်ပျူတာပေါ်မှာ ဖိုဒါတစ်ခုဆောက်ပြီး ဇစ်ဖြည်ထားပါ။
- ဖုန်းနဲ့ကွန်ပျူတာနဲ့ ကို USB ကြိုးအသုံးပြု၍ ချိတ်ဆက်ပါ။
- ဖုန်းမှာ USB Modeေ၇ွးခိုင်း၇န် Charge Only Mode ကိုရွေးပေးလိုက်ပါ။ ပြီးရင် ၂ မိနစ်လောက်ခဏစောင့်ပါ။
- အပေါ်မှာတုန်းက download လုပ်ပြီး ဇစ်ဖြည်ထားခဲ့တဲ့ Root Tool ဖိုဒါလေးထဲကိုဝင်ပြီး CurrentRoot.bat ကို Run လိုက်ပါ။
- ကွန်ပျူတာနဲ့ဖုန်းကိုချိတ်ထားတယ်ဆိုရင် Root Tool ဆော့ဝဲလေးက ဖုန်းကို detect သိပါလိမ့်မယ်။
- ပြီးလျှင် ဖုန်းရဲ့ Setting> General ထဲကိုဝင်ပြီး PC Connections
ကိုရွေးပါ။ ပြီးလျှင် USB Connections> Media Sync Mode ကိုရွေးလိုက်ပါ။
(Settings> General> PC connections> USB connection> Media
sync )
- ပြီးလျှင် ၂ မိနစ်ခန့်ခဏစောင့်ပါ။
- ၂ မိနစ်ခန့်စောင့်ပြီးပြီဆိုရင်တော့ ကီးဘုတ်ပေါ်က ကြိုက်နှစ်သက်ရာခလုတ်တစ်ခုကိုနှိပ်၍ Root Process ကိုစတင်လိုက်ပါမယ်။
- Root Tool Program လေးက Rooting Process လုပ်နေစဉ် CurrentRoot ဆော့ဝဲ
Screen မှာ “uid=0(root)” or “gid=0(root)” ဆိုတဲ့ Message ပေါ်လာရင်တော့
Root Process မအောင်မြင်ခြင်း / အပေါ်မှာပြောခဲ့တဲ့ step
အတိုင်းလုပ်တာမမှန်ကန်လို့ပါ။ step by step
သေချာပြန်လည်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
- အဲလိုမှမဟုတ်ဘဲ step တစ်ခုပြီးတစ်ခု အဆင်ပြေပြေ ပြီးသွားပြီး Root
Tool Screen လေးမှာ Step 10 ရောက်သွားပြီ ‘you are now properly rooted’
ဆိုတဲ့စာသားပေါ်လာပြီဆိုရင်တော့ ဖုန်းကို Root လုပ်တဲ့ Process
အောင်မြင်သွားပြီလို့ပြောလို့ရပါတယ်။
-ခဏအကြာမှာ ဖုန်းက auto reboot ကျသွားပါမယ်။
- ဖုန်းက ပုံမှန်အတိုင်း boot ပြန်တက်လာပြီဆိုရင်တော့ Google Play မှာ
SuperUser လို့ခေါ်တဲ့ application လေးကိုရှာပြီး ဖုန်းမှာသွင်းလိုက်ပါ။
ပြီးလျှင် supersu ဆော့ဝဲထဲကိုဝင်ပြီး install binary su ကို
နှိပ်ပေးပြီးရင် ဖုန်းက root process အောင်မြင်ပြီးမြောက်ပါပြီ။ (
ဒီနေရာမှာ SuperSU မသုံးဘဲ တရုတ် V Root ဆော့ဝဲရဲ့ Root apk
လေးကိုထည့်လို့လည်းရပါတယ်။)
အားလုံးပဲအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Related Posts :
- Back to Home »
- Android OS Root နှင့် Firmware များ »
- LG Optimus Pro ကို Root လုပ်နည်း
