တစ်ပတ်အတွင်း ထူးထူးခြားခြား ထင်ထင်ရှားရှာ:ဖြစ်တဲ့ Android
သတင်းများကို စုစည်းပြီ: ပြန်လည်ဖော်ပြ လိုက်ပါတယ် ။ တစ်ချို့ သတင်းတွေက ဒီ
myanmarmobileapp.com မှာ ဖော်ပြပြီ:သား သတင်းတွေလဲပါဝင်ပါတယ် ။ ဒီ post
ကတော့ ပြန်ပြီ: အနှစ်ချုပ် ထားတဲ့ သဘောပါပဲ ။ အပတ်စဉ် တနင်းလာနေ့ တိုင်း
ဒီ လို post မျိုး ဖော်ပြပေးသွားပါမယ် ခင်ဗျာ့ ။ ပထမဆုံးအနေနဲ့ Google ရဲ့
Next Android version သတင်းနဲ့ စကြတာပေါ့ဗျာ ။
Android 4.4 KitKat
———————–
Google Android Team ရဲ့ Leader, Sundar Pichai က
Android OS သုံးတဲ့ သူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမဲ့ သတင်းတစ်ခုကို
ပြီ:ခဲ့တဲ့ အပါတ်က ထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီ့ သတင်းကတော့ နောက်လာမဲ့ Android
version ရဲ့ နံမယ်ကို KitKat လို့ အမည်ပေးထားတယ် ဆိုတဲ့ သတင်းပါပဲ ။
ခုလက်ရှိ version ရဲ့ နံပါက်က 4.3 ဖြစ်ပြီး သူ့ကို JellyBean လို့
အမည်ပေးထားပါတယ် ။ ခု KitKat လို့ အမည်ပေးမဲ့ version က နောက်ထွက်မဲ့
version ပါပဲ ။ Google ကသူ့ရဲ့ Android verison တွေရဲ့
အမည်တွေအကုန်လုံးကို စားစရာမုန့်အမည်တွေပဲ ပေးခဲ့တာပါ ။ ခု တစ်ခါ ပေးထားတဲ့
KitKat ဆိုတာအမည်ကလဲ Nestlé Company က ထုတ်တဲ့ ချောကလက် အုပ်ထားတဲ့
ဝေဖာမုန့်တစ်မျိုး ရဲ့ အမည်ပါပဲ ။ ပြီ:တော့ Google က Android verison
တွေကို အမည်ပေးရင် လဲ A ,B,C,D အစဉ်အတိုင်းပေးသွားတာပါ ။ အရင် Android
Version တွေရဲ့ အမည်တွေကတော့-
version Name
1.0
1.5 Cupcake
1.6 Donuts
2.0 Eclair
2.2 Fro yo
2.3 Gingerbread
3.0 Honeycomb
4.0 Ice Cream Sandwich
4.1 Jellybean
တို့ဖြစ်ပါတယ် ။
နောက်ဆုံးထွက်ထားတဲ့ version က J နဲ့စတဲ့ Jellybean ဆိုတော့
ခုဒီတစ်ခါကတော့ အစဉ်အတိုင်းဖြစ်တဲ့ K နဲ့စတဲ့ ဆိုတဲ့ KitKat အမည်ကို
ပေးခဲ့တယ်လို ဆိုပါတယ် ။ ဒီ version က မကြာခင် ထွက်တော့မယ်လို့ကြားပါတယ် ။
အဲ့ဒီ့ version မှာပါမဲ့ features တွေကိုသိချင်ရင်တော့ ဒီ http://kitkat.com/ မှာသွား ပြီ:လေ့လာလို့ရပါတယ်။
Android has over one billion activations
————————————————–
Google Android Team ရဲ့ Leader, Sundar Pichai က Android ရဲ့ အသစ်အမည်
ကိုကြေညာ ရင်:နဲ့ ဂုဏ်ယူစွာနဲ့ ပြောသွားတဲ့ တစ်ချက်ကတော့ တစ်ကမ္ဘာလုံးမှာ
သုံးနေတဲ့ Android device ပေါင်း သန်း တစ်ထောင် ကျော်ပြီ လို့
ပြောသွာ:ပါတယ် ။ ကမ္ဘာပေါ်မှာ လူ သန်း ခုနှစ်ထောင် နည်းပါးရှိနေပါပြီ ။
လူတစ်ယောက်ကို device တစ်ခုနုန်းနဲ့ တွက်ရင် လူ ခုနှစ်ယောက်မှာ device
တစ်ခုရှိတယ် ဆိုတဲ့ သဘောပါပဲ ။ ဒါဟာ အံဩစရာကောင်းတဲ့ ပမာဏပါပဲ ။
Samsung Galaxy Note 3
———————————
Android OS ရဲ့ အောင်မြင်မှုမှာ Google Company ရဲ့
ကြိုးစားတီထွင်မှူပါသလို သူနဲ့ လက်တွဲခဲ့တဲ့ Hardware vendor company
တွေရဲ့ ကောင်းမွန်တဲ့ products တွေထုတ်နိုင်မှူ တွေကလဲ
အများကြီးအချိုးကျပါဝင်ပါတယ် ။ အဲ့ဒီ့ Hardware vendor compnay
တွေထဲမှာကတော့ Samsung က Google ရဲ့ အဓီက patanar ဖြစ်ပါတယ် ။ Samsung
Company က Android OS ကိုအအောင်မြင်ဆုံး phone OS ဖြစ်လာစေသလို Android OS
ကလဲ Samsung ကို ကမ္ဘာ့အအောင်မြင်ဆုံးဖုန်းcompany ဖြစ်လာစေပါတယ် ။ ဒီ
Samsung company ကနေပဲ ထုတ်လုပ်လိုက်တဲ့ Android OS သုံး Galaxy brand
phone တွေဟာ ကို ကမ္ဘာ့အရောင်းရဆုံးဖုန်း တွေ ဖြစ်လာစေပါတယ်။
ဒီလိုအောင်မြင်နေတဲ့ Galaxy version phone တွေရဲ့ နောက်ဆုံးပေါ်
ဖုန်းတစ်လုံးကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာကျင်းပတဲ့ မှာ Samsung Company
ကထုတ်ပြလိုက်ပါတယ် ။ အဲ့ဒီ့ ဖုန်းကတော့ Samsung Galaxy Note 3 ပါပဲ ။
screen ကြီးတာ ၊ ကမ္ဘာ့ပထမဆုံး 3GB ram ပါတဲ့ဖုန်း ၊ ကမ္ဘာ့ပထမဆုံး USB 3.0
သုံးတဲ့ဖုန်း ၊ 4K vedio recording လုပ်လို့ရတဲ့ ဖုန်း စသဖြင့် Samsung
ကကြေညာခဲ့ပြီ: Android ချစ်သူတွေ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့
ဖုန်းတစ်လုံးပါပဲ ။ သူ့ phone မှာပါတဲ့ Hardware spec တွေနဲ့ features
တွေကို myanmarmobileapp.com မှာဖော်ပြခဲ့ပြီ: ဖြစ်ပါတယ် ။ Galaxy Note 3
ရဲ့ hareware spec တွေကို ပြန်လည်ဖက်ရှူချင်ရင်တော့ ဒီ လင့် မှာသွားရောက်ဖတ်ရှူလို့ ရပါတယ် ။ သူ့မှာပါတဲ့ အများနဲ့ မတူတဲ့ features အသစ်တွေ ကိုဖတ်ချင်ရင်တော့ ဒီ လင့် မှာသွားပြီ: ဖတ်ရှုလို့ရပါတယ် ။
Nokia Phone with Android OS
————————————————–
ဒီသတင်းကလဲ Android ချစ်သူတွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေတဲ့
သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ် ။ တစ်ကယ်တော့ ခေါက်ဖုန်းတွေခေတ်ကထဲက
ကျွန်နောတို့တွေဟာ Nokia Phone ကိုကြိုက်ခဲ့ကြတာပါ ။ နောက်ကျတော့ Android
phone တွေခေတ်စားလာတဲ့ချိန်မှာ ပိုမိုအသုံးပြရတာကောင်:တဲ့ Andorid
ဖုန်းတွေကိုပြောင်:ကိုင်ခဲ့ကြပြီ: Nokia ကိုစွန့်ခွါလာခဲ့ကြတာပါ ။
ဘာပဲပြောပြော Nokia phone ရဲ့ ကြံခိုင်မှူကိုတော့
အကုန်လုံးကြိုက်ခဲ့ကြပါတယ် ။ နောက်ပိုင်း Nokia ကလဲ microsoft company
ကထုတ်တဲ့ window phone OS ကိုပဲဆက်သုံးခဲ့တဲ့အတွက် ကျွန်နော်တို့လို user
တွေနဲ့ ပိုပြီ:ဝေးကွာခဲ့ပါတယ် ။ ပိုဆိုးတာက Microsoft က ခုနောက်ဆုံး
Nokia ရဲ့ Mobile Division ကိုပါဝယ်ယူလိုက်ပြီ လို့ကြားရပါတယ် ။ ဒါပေမဲ့
သတင်းကောင်းတစ်ခု ကတော့ Nokia ရဲ့ အာရှ နဲ့ ပစိဖိတ် ဌာနခွဲ CEO က
စင်ကာပူမှာ Newkia ဆိုတဲ့ company ထောင်ပြီ:တော့ Nokia ရဲ့ Hardware ရယ်
ကျွန်နော်တို့ကြိုက်တဲ့ Android OS ရယ်ကို ပေါင်:ပြီ: ဖုန်းတစ်လုံး
ထုတ်မယ် လို့ ဒီတစ်ပါတ်ထဲမှာ သတင်းထွက်လာပါတယ် ။ Nokia ဖုန်းတွေကို
ကြိုက်ခဲ့တဲ့ သူတွေအတွက်ကတော့ ဝမ်းသာစရာသတင်းပါပဲ ။ ဒီသတင်းရဲ့
အပြည့်အစုံကိုလဲ ကျွန်နော်တို့ myanmarmobileapp.com မှာ ဖော်ပြပြီ:
သွားပါပြီ ။ ပြန်လည် ဖတ်ရှူချင်ရင် မှာ ဒီလင့်
သွားရောက်ဖတ်ရှူလို့ရပါတယ် ။ Microsoft က Nokia ရဲ့ phone ထုတ်လုပ်တဲ့
mobile division ပဲဝယ်သွားတာဖြစ်ပါတယ် ။ software patent တွေကိုတော့
မူရင်း Nokia compnay က ပိုင်ဆိုင်နေစဲပါပဲ ။ ဒီလို ဆိုရင်တော့
ကျွန်နော်တို့ရဲ့ Android OS နဲ့ Nokia ရဲ့ purview technology
သုံးထားတဲ့ 41 megapixel ရှိတဲ့ camera တွေ ပါတဲ့ phone ကို အနာဂါတ်မှာ
မျော်လင့်နိုင်မှာလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Related Posts :
- Back to Home »
- နည်းပညာသတင်းများ »
- တစ်ပါတ်အတွင်း Hot အဖြစ်ဆုံး Android သတင်းများ
