ယခင်က အခမဲ့အသုံးပြုရပြီး စက်တင်ဘာလမှစတင်ကာ အခကြေးငွေဖြင့်
အသုံးပြုရမည်ဖြစ်သော Frozen Keyboard Pro
(မြန်မာဘာသာအသုံးပြုနိုင်သောKeyboard) ကို စက်တင်ဘာ ၈ ရက်အထိ အသုံးပြုသူ
၂၀၀၀ ကျော်ရှိပြီဖြစ်သည်ဟု အဆိုပါ Keyboard Pro ကို ရေးဆွဲခဲ့သူ
ကိုသီဟအေးကျော်က မဇ္ဈိမကို ပြောသည်။
အဆိုပါ Frozen keyboard ကို သြဂုတ် ၃၁ ရက်အထိသာ အခမဲ့အသုံးပြုနိုင်ပြီး
စက်တင်ဘာမှစတင်ကာ ကျပ် ၁၀၀၀ ဖြင့် ရောင်းချခဲ့ရာ တစ်ပတ်ကျော်အတွင်း
အခကြေးငွေဖြင့် ၀ယ်ယူအသုံးပြုသူ ၂၀၀၀ ကျော်ရှိခြင်း
ဖြစ်သည်။
အဆိုပါ Frozen keyboard မှာ မြန်မာစာသုံးနိုင်ရန် smart ဖုန်းသုံးသူအများစု အသုံးပြုခဲ့သည့် keyboard ဖြစ်ပြီး
ရေးဆွဲခဲ့သူ ကိုသီဟအေးကျော်က “Frozen Keyboard Pro ကို အသုံးပြုချင်သူတွေ
Google Play စတိုးမှာ ၀ယ်ယူနိုင်ဖို့ အတွက် ကြိုးစားနေပါတယ်။ ဒီနှစ်
အမီတော့ Frozen Keyboard ကို Play စတိုးမှာ ၀ယ်ယူလို့ ရရှိနိုင်အောင်
ပြုလုပ်သွားမှာပါ။ ဗားရှင်းအသစ်ကိုတော့ ရေးဆွဲမှာပါ။ အချိန် အတိအကျကိုတော့
ပြောလို့မရသေး ပါဘူး”ဟု ပြောသည်။
၁၀၀၀ ကျပ်ဖြင့်ရောင်းချသော Frozen Keyboard Pro တွင် မြန်မာစာနှင့်
ရှမ်းစာအသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးပြုနိုင်သည့် အချိန်ကာလကို
သတ်မှတ်ထားခြင်းမရှိပေ။
အဆိုပါ Frozen Keyboard Pro ကို ရန်ကုန်မြို့တွင်Win Mobile, World
Telefono Mobile House, Phone Corner၊ မန္တလေးမြို့တွင် Alpha, Power Mobile
Centre, ရွှေနဂါး Mobile၊ နေပြည်တော်တွင် Mobile Mania နှင့်
အခြားမြို့များရှိဖုန်းဆိုင်များတွင်လည်း ၀ယ်ယူနိုင်မည်ဖြစ်သည်။
Via [Mizzima News]
Related Posts :
- Back to Home »
- နည်းပညာသတင်းများ »
- အခကြေးငွေဖြင့်အသုံးပြုရသော Frozen Keyboard Pro အသုံးပြုသူ ၂၀၀၀ ကျော်ရှိပြီဟုဆို
