Posted by : Jellybean
Tuesday, September 10, 2013
မိတ်ဆွေများ Android Device မှာ Tool တွေ သုံးကြပါတယ်.. ဘက်ထရီစားသက်သာစေတဲ့ Tool, နောက်ကွယ်ကနေ Run နေတဲ့ App တွေကိုသတ်နိုင်တဲ့ Tool , ဘက်ထရီအားပြည့်ရင် အသံပေးတဲ့ Tool, App တွေကို SD ထဲပြောင်းတဲ့ Tool စသည်ဖြင့်ပေါ့လေ.. အဲဒါတွေအားလုံးကို တစ်ခုချင်းစီ Install လုပ်ထားတယ်ဆိုရင် ဖုန်းထဲမှာ Memory တော်တော် ယူတယ်ဗျ.. ZDBox ကတော့ အဲဒီ Tool အမျိုးအစားတွေကို App တစ်ခုတည်းနဲ့ ထိန်းချုပ်တဲ့ Tool တစ်ခုပါ.. နေရာယူမှုနည်းပြီး လုပ်နိုင်တဲ့ အလုပ်တွေက အများကြီးပါ..
ဒီမှာ ပါတွေပါလဲဆိုတော့-
1. Battery ကို ဖေါ်ပြပေးတဲ့ Battery Info
2. Mobile မှာ သုံးတဲ့ App တွေ Traffic ကိုဖေါ်ပြတဲ့ Mobile Traffic
3. ကိုယ့်ဖုန်းကို မနှောင့်ယှက်အောင် အချိန်သတ်မှတ်ပြီး ပိတ်ထားလို့ရတဲ့ Do not Disturb
4. App တွေကို သူများမသုံးနိုင်အောင် Password ပေးပြီး ပိတ်ထားလို့ရတဲ့ App Lock
5. မလိုအပ်ဘဲ နောက်ကွယ်ကနေ အလုပ်လုပ်နေတဲ့ App တွေကို ရပ်တန့်စေတဲ့ Task Killer
6. App တွေကို Uninstall လုပ်ဖို့ Uninstaller
7. ဖုန်း Memory ကနေ SD Card ကို ရွေ့ဖို့ App to SD
8. ဖုန်းအသုံးပြုရင်း မလိုအပ်တဲ့ဖိုင်တွေကို ရှင်းလင်းပေးတဲ့ System Cleaner စတဲ့ အရေးကြီး Tool တွေပါဝင်ပါတယ်.. ကျွန်တော်ကတော့ ဒါကိုပဲသုံးပါတယ်..

အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Related Posts :
- Back to Home »
- Android OS Application များ »
- Android အတွက် အကောင်းဆုံး Tool - ZDbox v3.9.317
