Posted by : Jellybean
Tuesday, September 10, 2013
Shoppint List ဆိုတဲ့ Apk လေးကို Android ဖုန်းမှာ သွင်းထားပြီး
ဝယ်ရမယ့်စာရင်းတွေကို မှတ်သားထားနိုင်ပါတယ်.. အိမ်ရှင်မများသာမက
မကြာခဏဈေးဝယ်ထွက်ရတဲ့ ကိုကိုများလည်း အသုံးပြုနိုင်ပါတယ်..
ပထမ အကွက်မှာ ဝယ်ရမယ့်နေရာ သို့မဟုတ် ဈေးစာရင်းအုပ်စုကို ရေးနိုင်ပါတယ်..

ဒုတိယအနေနဲ့ ဈေး သို့မဟုတ် အုပ်စု ကိုနှိပ်ပြီး သူနဲ့ပတ်သက်တဲ့ အသေးစိပ်စာရင်းကို ထပ်ထည့်နိုင်ပါတယ်..

တတိယ ဝယ်ပြီးသားဆိုရင်တော့ အဲဒီစာရင်းကို ဖိထားလိုက်ပါ. ဖြတ်မျဉ်းလေးပိတ်သွားပြီး ဈေးဝယ်ပြီးကြောင်း အတည်ပြုထားလို့ရပါတယ်..

ဖုန်းလေးကိုင်ရင်း စာရင်းစာအုပ်ကြီးတွေ မလိုတော့ဘူး. မေ့လည်း မမေ့တော့ဘူးလေ.. ဖုန်းလေးကြည့်လိုက် ခရမ်းချဉ်သီးလေးဝယ်လိုက်.. ဘယ်လောက်ဟန်ကျသလဲဗျာ..
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Related Posts :
- Back to Home »
- Android OS Application များ »
- Android ဖုန်းမှာ ဈေးဝယ်စာရင်းလေးမှတ်ပြီး ဈေးဝယ်ထွက်ကြမယ်.. Shoppint List 1.0
